အာခါသမိုင်း

မြန်မာနိုင်ငံသို့၀င်ရောက်လာသော တိဗက်-ဗမာ အုပ်စုဖြစ်သည့်
(၁)  ခါမ်း
(၂)  ဗမာ
(၃)  လိုလို အုပ်စု တို့သည် လမ်းကြောင်း ၃ ခုဖြင့် မြန်မာပြည်ထဲသို့၀င်ရောက်ခဲ့သည်။
အာခါလူမျိုးသည် လိုလို အုပ်စုဖြစ်ပြီး ရေကြည်မြက်နုရာလိုက်ရှာရင်း မဲခေါင်မြစ်အောက်ပိုင်းသို့ရောက်ရှိလာကာ ထိုမှတဆင့် တရုတ်နိုင်ငံ၏အနောက်ဘက်ရှိ ယူနန် သို့ရောက်ရှိအခြေဆိုက်ခဲ့သည်။ ထိုမှတဆင့် မြန်မာနိုင်ငံသို့၀င်ရောက်ခဲ့သည်။ ရှေး အာခါလူကြီးသူမများ၏အဆိုအရ အာခါလူမျိုးတို့သည်လည်း ကိုယ့်မင်းကိုယ်ချင်းနှင့်
အုပ်စိုးကာဂျာဒယ် ဟုသောအရပ်၌နေထိုင်ခဲ့သည်။ သို့သော်လည်း အိမ်နီးချင်း
လူမျိုးစုများ၏တိုက်ခိုက်မှုကြောင့် မြို့ပျက်ဆီးခဲ့ရသည် ဟူ၍ဖြစ်သည်။ထို့နောက်
ဆစ်ဆောင်ပန်းနားအောက်ပိုင်းဒေသသို့​ပြောင်းရွှေ့လာခဲ့သည်။ထိုမှတဆင့် ဦးခေါင်စို့ မှ ဦးဆောင်၍ သူ၏မိသားစုနှင့်ဆွေမျိုးများသည် တရုတ်-မြန်မာ နယ်စပ်ဖြစ်သော နာလား မြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံသို့၀င်ရောက်လာခဲ့သည်။ သူတို့ရောက်ရှိပြီးနောက်ပိုင်းတွင် သူတို့၏နောက်သို့​မြောက်များစွာလိုက်လာခဲ့သည်။ နာလား နှင့် နာလုတ် အနီးတ၀ိုက်၌ တနေရာပြီးတနေရာရွှေ့ပြောင်းကာနှစ်ပေါင်း ၁၀၀ နီးပါးနေထိုင်ခဲ့သည်။ အာခါလူမျိုးတို့သည် နာလုတ်မြစ်ကိုဖြတ်ကာ ကျိုင်းတုံ-တုံတာ၌၎င်း၊ ကျိုင်းတုံမြို့အထက်ပိုင်းဒေသတို့၌၎င်းနေထိုင်ခဲ့သည်။ ထို့ပြင်တချို့သည်တာချီလိတ်တို့အခြေချနေထိုင်ခဲ့သည်။ ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့တို့၌နေထိုင်သော အာခါလူမျိုးအချို့တို့သည် ယိုးဒယားနိုင်ငံသို့​ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
 

Share